Euro 2016

စပိန်နည်းပြ နှုတ်ထွက်

Jul 01 , 2016

စပိန်လက်ရွေးစင်အသင်းနည်းပြ ဒဲလ်ဘော့စကေးမှာ ယူရို ၂၀၁၆ ရှုံး/ထွက်အဆင့်မှ ထွက်ခဲ့ရပြီးနောက် တာဝန်မှ နှုတ်ထွက်သွား ပြီဖြစ်သည်။

အသက် ၆၅နှစ်အရွယ် ဘော့စကေးမှာ စပိန်အသင်းကို ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားရစေခဲ့သူဖြစ်ပြီး ယင်း ၂၀၁၀ ကမ္ဘာ့ဖလားရပြီးနောက် ယူရို ၂၀၁၂တွင်လည်း ဗိုလ်စွဲစေခဲ့သူဖြစ်သည်။

စပိန်အသင်းကို အဓိကပြိုင်ပွဲများတွင် ဗိုလ်စွဲစေမှုအဖြစ် နည်းပြ အေရာဂိုးနက်စ်က ယူရို ၂၀၀၈တွင် ချန်ပီယံဖြစ်စေခဲ့ပြီးနောက် သူ့နေရာကို ဘော့စကေးက ဆက်ခံခဲ့ခြင်းဖြစ်သည်။

စပိန်အသင်းမှ ယူရို ၂၀၁၆ အုပ်စုအဖွင့်ပွဲစဉ် ၂ပွဲတွင်  အနိုင်ရခဲ့ပြီး တတိယပွဲစဉ်တွင် ခရိုအေးရှားကို ရှုံးကာ  အုပ်စု ဒုတိယအဖြစ် ရှုံး/ထွက်အဆင့်သို့ ရောက်ရှိခဲ့သည်၊ ထိုအဆင့်တွင် အီတလီကို ၂းဝဖြင့် ရှုံးကာ အိမ်ပြန်စောစေခဲ့ခြင်းဖြစ်သည်။

ဘော့စကေးမှာ ယခင် ရီးရဲလ်အသင်းကို ၄နှစ်ကြာ ကိုင်တွယ်ခဲ့စဉ်က ဥရောပဖလား ၂ကြိမ်၊ လာလီဂါဖလား ၂ကြိမ်၊ ဥရောပစူပါဖလား ၁ကြိမ်၊ ကမ္ဘာ့ကလပ် ချန်ပီယံများဖလား ၁ကြိမ် ရရှိစေခဲ့ သူဖြစ်သည်။

U Myo Thant

<< Back Euro 2016


Advertisement
Here