Other World Cup Football News

ကျူးဘားနှင့် ခြေစမ်းမည့် အမေရိကန်

Jul 01 , 2016

၁၉၄၇ ခုနစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချစ်ကြည်ရေး ခြေစမ်းပွဲအဖြစ် ကျူးဘားနှင့် အမေရိကန်တို့ ကျူးဘားနိုင်ငံမြို့တော် ဟာဗားနားတွင် ကစားကြတော့မည်ဖြစ်သည်။

နှစ်ပေါင်း ၇၀နီးပါးကြာ ၂နိုင်ငံကြားတွင် နိုင်ငံရေး အဆင်မပြေမှုများ ရှိခဲ့သော်လည်း အမေရိကန် သမ္မတ အိုဘားမား လက်ထက်တွင် ဆက်ဆံရေး အဆင်ချောမွေ့လာခဲ့ပြီးနောက် ယခုကဲ့သို့  ချစ်ကြည်ရေး ခြေစမ်းရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

အမေရိကန်လက်ရွေးစင်အသင်းနည်းပြ ဂလင်းစမန်းက အောက်တိုဘာ ၇ရက်တွင် ကစားမည့် ထိုခြေစမ်းပွဲနှင့် ပတ်သက်၍ ကျနော်တို့အသင်း ကျူးဘားကိုသွားပြီး ခြေစမ်းရမည့်အပေါ် တကယ်ပျော်ရွှင် ကျေနပ်ရပါတယ်ဟု ပြောဆိုသွားခဲ့သည်။

အမေရိကန်အသင်းမှာ ပြီးခဲ့သည့် ၂၀၁၆ ကိုပါအမေရိကပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့ပြီး ကျူးဘားနှင့် အမေရိကန်မှာ ၂၀၀၈ စက်တင်ဘာ ၆ရက်နေ့ ၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကွန်ကာ ကက်ဖ်ဇုန်ပွဲတွင် နောက်ဆုံး တွေ့ခဲ့ကြကာ အမေရိကန်က ၁းဝဖြင့် အနိုင်ရရှိခဲ့သည်။

U Myo Thant




<< Back Other World Cup Football News


Advertisement
Here