သက်တမ်းမတိုးတဲ့ ဗာမေလန်

Aug 04 , 2014

အာဆင်နယ် နောက်ခံလူဗာမေလန်မှာ အသင်းနှင့်စာချုပ်သက်တမ်းတိုးရန်ကိစ္စကို ငြင်းဆိုလိုက်ကြောင်း သိရသည်။

ထိုကဲ့သို့ ငြင်းဆိုမှုကြောင့် ယခုနွေတွင်ပင် အသင်းမှထွက်ခွာနိုင်သည့် သဘောဖြစ်၍ ဘာစီလိုနာ၊ မန်ယူနှင့် နာပိုလီတို့က အနီးကပ်စောင့်ကြည့်လျက် ရှိသည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ဗာမေလန်မှာ အာဆင်နယ်နှင့် စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့သူဖြစ်ပြီး ယခုနွေရာသီ အစောပိုင်းက မန်ယူ၏ ပေါင် ၇ သန်းဖြင့် ကမ်းလှမ်းမှုကို အာဆင်နယ်က ပယ်ချခဲ့သည်။

အာဆင်နယ်အသင်းမှာ ကပ္ပတိန်ဖြစ်သူ ဗာမေလန်ကို ယခုနွေတွင် ထုတ်မရောင်းလိုသော်လည်း ကစားသမားဘက်မှ သက်တမ်း တိုးရန် ငြင်းဆန်ခဲ့ခြင်းကြောင့် လာမည့်နွေ စာချုပ်သက်တမ်းကုန်ဆုံးသွားပါက အလွတ်ပြောင်းရွေှ့ခွင့်ရသွားမည်ဖြစ်၍ အကျပ်ရိုက် လျက် ရှိနေသည်။

အကယ်၍ ယခုနွေတွင် ထုတ်ရောင်းရမည်ဆိုပါကလည်း ပရီးမီယားလိဂ်ကလပ်တစ်ခုခုထက် အခြားတစ်သင်းသင်းသို့သာ ရောင်း လို လျက် ရှိသည်။

U Myo Thant




<< Back


Advertisement
Here