Euro 2016

ပြည်တွင်းနည်းပြမလိုချင်သော အင်္ဂလန်

Jul 01 , 2016

အင်္ဂလန်လက်ရွေးစင်အသင်းမှ စီနီယာကစားသမားများက လာမည့်နည်းပြသစ်အဖြစ် အင်္ဂလိပ်လူမျိုးထက် တိုင်းတစ်ပါးလူမျိုး လိုချင်ကြောင်း ပြောဆိုသွားခဲ့သည်။

အင်္ဂလန်အသင်းမှ အိုက်စလန်ကို ရှုံး၍ ယူရို ၂၀၁၆မှ ထွက်ခဲ့ရပြီးနောက် နည်းပြဟော့ဆန်မှာ  အသင်းနှင့် လမ်းခွဲသွားခဲ့သဖြင့် နည်းပြသစ် ရှာဖွေနေဆဲဖြစ်သည်။

အင်္ဂလန် ယူ-၂၁နည်းပြ ဆောက်ဂိတ်မှာ အင်္ဂလန်ယာယီနည်းပြနေရာကို စိတ်မ၀င်စားဟုဆိုခဲ့ပြီး ဆန်းဒါးလန်းမှာ ဆမ်အလာဒိုက်စ်၊ ခရစ္စတယ်ပဲလေ့မှာ အလန်ပါဂျူးတို့မှာ နည်းပြနေရာအတွက် နာမည် ထွက်နေဆဲဖြစ်သည်။

အသက် ၆၈နှစ်အရွယ် ဟော့ဆန်မှာ ကစားသမားအများစု၏ သဘောကျမှုကို ခံခဲ့ရသော်လည်း စီနီယာကစားသမားများက ကစားကွက်အပြောင်းအလဲနှင့် ကွဲပြားသော နည်းစနစ်များဖြင့် အသင်းပုံစံကို ပြောင်းရွှေ့လိုနေကြပြီး ထိုသို့ဖြစ်လာရန်မှာ အင်္ဂလိပ်လူမျိုး နည်းပြထက် နိုင်ငံခြားသား နည်းပြမျိုးနှင့်သာ  ပို၍ အဆင်ပြေနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။

အင်္ဂလန်အသင်းမှ လာမည့် စက်တင်ဘာလမှစ၍ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲများ ကစားရန်ရှိနေပြီး PSG နည်းပြဟောင်း ဘလန့်စ်နှင့် အမေရိကန် နည်းပြ ဂလင်းစမန်းတို့မှာ ထိုနည်းပြနေရာအတွက်  ရေပန်းစားလျက်ရှိနေသည်။

U Myo Thant

<< Back Euro 2016


Advertisement
Here