La-liga News

သက်တမ်းတိုးမည့် နေမာ

Jul 01 , 2016

ဘရာဇီးတိုက်စစ်မှုး နေမာမှာ ဘာစီလိုနာတွင် ဆက်နေရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

အသင်းပြောင်းမည်ဟု သတင်းများထွက်နေသော နေမာ၏ ယခုသတင်းကြောင့် ဘာစီလိုနာ ပရိသတ်များ များစွာ ကျေ နပ်သွားကြသည်ဟု ဆိုသည်။

ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ဘာတိုမီကလည်း ယခု သတင်းကို အတည်ပြုခဲ့ပြီး နှစ်ဘက်ဆွေးနွေး ခဲ့ကြပြီးနောက် နှစ်ရှည်စာချုပ်ချုပ်ဆိုရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

၂၄နှစ်သား နေမာမှာ ဘာစီလိုနာနှင့် ၅နှစ် သက်တမ်းတိုး စာချုပ်ချုပ်မည်ဖြစ်သဖြင့် ဘာစီလိုနာတွင် ၂၀၂၁အထိ ရှိနေမည့် သဘောဖြစ်သည်။

နေမာအနေနှင့် ၂၀၁၃တွင် ဆန်းတို့စ်မှ ဘာစီလိုနာသို့ ရောက်လာသူဖြစ်ပြီး လာမည့်လ စတင်ယှဉ်ပြိုင်ရမည့် ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲတွင် ဘရာဇီးအသင်းနှင့် အတူ ပါဝင်ကစားမည်ဖြစ်သည်။

နေမာ၊ မက်ဆီနှင့် ဆွာရက်ဇ် တိုက်စစ်အတွဲမှာ ၂၀၁၅-၁၆ရာသီတွင်  ဘာစီလိုနာအတွက် စုစုပေါင်း ၁၃၁ဂိုး သွင်းယူနိုင်ခဲ့ကြသည်။

U Myo Thant




<< Back La-liga News


Advertisement
Here