Euro 2016

ရွန်းနီအကြောင်းပြောတဲ့ လမ်းပတ်

Jul 02 , 2016

အင်္ဂလန်လက်ရွေးစင်ဟောင်း လမ်းပတ်က လက်ရှိအသင်းခေါင်းဆောင် ရွန်းနီမှာ အင်္ဂလန်အတွက် ဆက်ရှိပေးနေရဦး မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အသက် ၃၀အရွယ်ရှိပြီဖြစ်သော ရွန်းနီမှာ ယခင် တိုက်စစ်မှုး နေရာမှာ ကစားခဲ့သော်လည်း ယူရို ၂၀၁၆ တွင် ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့ရပြီး  အိုက်စလန်ကို မမျှော်လင့်ပဲ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသူဖြစ်သည်။

လမ်းပတ်က သူဟာ ကျနော်တို့အတွက် မရှိမဖြစ် အားကိုးရမယ့်သူပါ။ သူဟာအင်္ဂလန်အတွက် ထိပ်တန်းဂိုးသွင်းသူဖြစ်သလို အတွေ့အကြုံလည်း များလှသူပါ။ ဒါကြောင့် အသင်းကနေ ထွက်ခွာတာမျိုး မမြင်လိုသေးပါဘူး၊ နောက်လာမယ့် ပြိုင်ပွဲတွေမှာ သူ့ကို အားကိုးနေရဦးမှာပါဟု ပြောဆိုသွားခဲ့သည်။

ရွန်းနီမှာ အင်္ဂလန်အတွက် ၁၁၅ပွဲ ကစားထားကာ စံချိန်တင်အဖြစ် ၅၃ဂိုး သွင်းပေးထားခဲ့ပြီဖြစ်သည်။

U Myo Thant

<< Back Euro 2016


Advertisement
Here