Euro 2016

ဆီမီးပွဲလွဲမည့် ဝေလသား ၂ဦး

Jul 02 , 2016

ဝေလအသင်းမှ ရမ်ဆေးနှင့် ဒါဗီးစ်တို့မှာ ဘယ်လ်ဂျီယံနှင့် ပွဲတွင် အ၀ါကတ်အပြခံခဲ့ရသဖြင့် ပွဲစဉ်တစ်လျှောက် အ၀ါ၂ခါရှိပြီဖြစ်၍ လာမည့် ဆီမီးဖိုင်နယ်တွင် ပွဲပယ်ခံရမည်ဖြစ်သည်။

အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးနှင့် စပါးနောက်ခံလူ ဒါဗီးစ်တို့ မပါနိုင်သဖြင့် ပေါ်တူဂီနှင့် တွေ့ရမည့် ဆီမီးပွဲအတွက် နည်းပြ ကိုးလ်မန်း၏ ဝေလအသင်းမှာ အခက်အခဲနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

ရမ်ဆေးမှာ ဘယ်လ်ဂျီယံကို ၃း၁ဖြင့် နိုင်သော ပွဲစဉ်တွင် ကိုယ်တိုင်ဂိုးမသွင်းနိုင်ခဲ့သော်လည်း သူ၏ ပေးပို့မှုမှာ တစ်ဆင့် ၂ဂိုး ရရှိစေခဲ့သူဖြစ်သည်။

ပေါ်တူဂီအသင်းဘက်တွင်လည်း ပိုလန် ကွင်းလယ်ကစားသမားကို တွန်းထိုးခဲ့မှုကြောင့် ကွင်းလယ်ကစားသမား ကာဗယ်ဟိုမှာ အ၀ါကတ် အပြခံခဲ့ရကာ သူသည်လည်း ပွဲစဉ်တစ်လျှောက် အ၀ါကတ် ၂ခါ ရခဲ့ပြီဖြစ်၍ ဝေလနှင့် ပွဲတွင် ပါဝင်ခွင့်ရမည်မဟုတ်ပေ။

U Myo Thant




<< Back Euro 2016


Advertisement
Here