ဂျာမနီလက်ရွေးစင် မန်စီးတီး ကွင်းလယ်ကစားသမား ဂန်ဒိုဂန်က ယူရို ၂၀၁၆ အသင်းများထဲတွင် ဂျာမနီသည် အကောင်းဆုံး အသင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ဒေါ့မွန်မှ မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့သော ဂန်ဒိုဂန်မှာ ဒူးဒဏ်ရာကြောင့် ပြင်သစ်တွင် ကျင်းပနေသော ယူရို ပြိုင်ပွဲဝင် ဂျာမနီ အတွက် မကစားပေးနိုင်သေးပဲ ပွဲစဉ်များကို ရုပ်သံမှသာ ကြည့်နေရသူ ဖြစ်သည်။
ဂျာမနီအသင်းမှာ အီတလီကို အနိုင်ရပြီးနောက် ဆီမီးဖိုင်နယ်တွင် အိမ်ရှင်ပြင်သစ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။
"အသင်းကစားပုံကို ကျနော် အမြဲကြည့်နေပါတယ်။ ကစားသွားတာ အကောင်းဆုံးပုံစံပါပဲ။ ကစားသမားတွေ၊ နည်းပြတွေဟာ ကြိုးစားကြရင် လက်တစ်ကမ်းက ဆုဖလားကို အရယူဖို့ အားထုတ်နေကြပါပြီ၊ ဂျာမနီဟာ ယူရိုပြိုင်ပွဲဝင် အသင်းတွေထဲမှာ အကောင်းဆုံးပုံစံပြနေနိုင်ဆဲပါ" ဟု ဂန်ဒိုဂန်က ပြောဆိုသွားခဲ့သည်။
U Myo Thant