Euro 2016

နားရဦးမည့် ဂိုးမက်ဇ်

Jul 04 , 2016

အီတလီနှင့်ပွဲတွင် တံကောက်ကြောဒဏ်ရာရခဲ့သော ဂျာမနီတိုက်စစ်မှုး ဂိုးမက်ဇ်မှာ လာမည့်ပွဲစဉ်များကို လွဲချော်တော့မည်ဖြစ် သည်။

ပွဲချိန် ၇၂မိနစ်တွင် လူစားလဲခဲ့ရသော ဂိုးမက်ဇ်၏ ဒဏ်ရာကို စစ်ဆေးရာတွင် ကြာရှည်နားရဦးမည် အနေအထားဖြစ်သဖြင့် ဂျာမနီ ၏ လာမည့် ယူရို ပွဲစဉ်များတွင် ပါဝင်နိုင်တော့မည်မဟုတ်ပေ။

ထိုသတင်းနှင့် ပတ်သက်၍ ဂျာမနီဘောလုံးအဖွဲ့ချုပ်ကလည်း အတည်ပြုပေးခဲ့သည်၊ နည်းပြ ဂျိုအာချင်လိုအနေနှင့် အိမ်ရှင်ပြင်သစ်နှင့် ကစားရမည့် ဆီမီးဖိုင်နယ်ပွဲအတွက် ကစားသမားအချို့ကို လက်လွတ်ရမည်ဖြစ်သဖြင့် အနည်းငယ် အခက် အခဲတွေ့လိမ့်မည်ဖြစ်သည်။

တိုက်စစ်မှုး ဂိုးမက်ဇ် မပါနိုင်တော့သည့်အပြင် ရှဝိန်းစတိုင်ဂါနှင့် ခီဒီယာတို့ ထိုပွဲအတွက် မသေချာသေးပဲ နောက်ခံလူ ဟမ်းမဲလ်မှာ လည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ခွင့်ရမည်မဟုတ်ပေ။

U Myo Thant

<< Back Euro 2016


Advertisement
Here