Ligue-1 News

PSG ရောက် ဘင်အာဖာ

Jul 05 , 2016

ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သော ဘင်အာဖာမှာ နိုက်စ်အသင်းမှ PSG အသင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

နယူးကာဆယ်၊ မာဆေး၊ လိုင်ယွန်တို့တွင်လည်း ကစားခဲ့ဖူးသော ဘင်အာဖာမှာ PSGနှင့် ၂နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး  PSG အနေနှင့် မိမိကို အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်လာစေရန် ကူညီနိုင်လိမ့်မည်ဟု ပြောဆိုခဲ့သည်။

သူသည် လွန်ခဲ့သော ရာသီက နိုက်စ်အတွက် ၁၈ဂိုး သွင်းပေးနိုင်ခဲ့ပြီး ဆီဗီးလားသို့ ရောက်နိုင်သည်ဟု သတင်းထွက်နေခဲ့ရာမှ PSG နှင့် သဘောတူညီခဲ့ခြင်းဖြစ်သည်။

ဆီဗီးလားနည်းပြ အမ်မရီမှာ ယခုအခါ PSG ကို ကိုင်တွယ်တော့မည်ဖြစ်ပြီး နည်းပြသစ်အနေနှင့် အသင်းကို အောင်မြင်အောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု ဘင်အာဖာက ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Ligue-1 News


Advertisement
Here