La-liga News

ဆွာရက်ဇ်ကို ဘာကာပြန်ခေါ်

Jul 05 , 2016

ဘာစီလိုနာအသင်းသည် ဗီလာရီးရဲလ်မှ ကွင်းလယ်ကစားသမား ဒင်းနစ်ဆွာရက်ဇ်ကို ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်သည်။

ဆွာရက်ဇ်မှာ ဘာစီလိုနာမှာ ဗီလာရီးရဲလ်သို့ သွားရောက်ကစားနေသူဖြစ်ပြီး မန်စီးတီးတွင်လည်း ကစားခဲ့ဖူးသူဖြစ်သည်။

သူသည် ဘာစီလိုနာတွင် ဆေးစစ်ခံကာ မနက်ဖြန် ပရိသတ်များနှင့် တွေ့ဆုံမည်ဖြစ်သည်၊ ဘာစီလိုနာမှာ ဆွာရက်ဇ်ကို ၂၀၁၃တွင် မန်စီးတီးထံမှ ခေါ်ယူခဲ့ပြီး ဆွာရက်ဇ်မှာ တိုးတက်လာမည့် လူငယ်ကစား သမားအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်သည်။

ဆွာရက်ဇ်အနေနှင့် ဆဲလ်တာဗီရိုတွင် ကစားနေစဉ် မန်စီးတီးက ပြောင်းရွှေ့ကြေး ပေါင် ၅သိန်းဖြင့် ၂၀၁၁က ကမ်းလှမ်းခဲ့ရာတွင် ငွေကြေးအခက်အခဲဖြစ်နေသော ဆဲလ်တာက မတက်သာပဲ လက်လွတ် ခဲ့ရသူဖြစ်သည်။

ဆွာရက်ဇ်မှာ ၂၀၁၃တွင် ဘာစီလိုနာ(ခ)အသင်းနှင့် ကစားခဲ့ရပြီးနောက် ဆီဗီးလားသို့ အငှားချခံခဲ့ရကာ ယင်းနောက်တွင်မှ ဗီလာရီးရဲလ်သို့ ရောက်ရှိသွားသူဖြစ်သည်။

 

U Myo Thant




<< Back La-liga News


Advertisement
Here