Ligue-1 News

ရိုဒရီဂုဇ်ကို PSG ငြင်း

Jul 05 , 2016

PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက ၎င်းတို့အနေနှင့် ရီးရဲလ်ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂုဇ်ကို ခေါ်ယူရေး တွေ့ ဆုံဆွေးနွေးခဲ့ခြင်းမရှိကြောင်း ငြင်းဆိုလိုက်သည်။

၂၃နှစ်သား ရိုဒရီဂုဇ်မှာ နည်းပြ ဘင်နီတက်ဇ်နှင့် နည်းပြ ဇီဒန်းတို့ လက်ထက် လွန်ခဲ့သော ရာသီက ဒဏ်ရာကြောင့် နားရမှုများနှင့် အတူ အဆင်မပြေသော ရာသီတစ်ခုဖြစ်ခဲ့သည်။

ကိုလံဘီယာလက်ရွေးစင်လည်းဖြစ်သော သူ့ကို မန်ယူက လိုချင်နေသည်ဟုလည်း သတင်းများထွက်ပေါ်လျက် ရှိသည်။

ထိုသတင်းနှင့်အတူ PSGက ထိုကစားသမားနှင့် ဆွေးနွေးနေပြီဟု သတင်းထွက်ခဲ့ခြင်းကို PSG ဥက္ကဋ္ဌက ယခုကဲ့သို့ ငြင်း ဆိုခဲ့ခြင်းဖြစ်သည်။

PSG မှာ ယခုအချိန်ထိ ကစားသမား ၃ဦးခေါ်ယူလိုက်ပြီဖြစ်သည်။

ရိုဒရီဂုဇ်မှာ ၂၀၁၃-၁၄ရာသီတွင် မိုနာကို၌ ကစားခဲ့သူဖြစ်ပြီး လက်ရှိ ရီးရဲလ်နှင့် ၂၀၂၀အထိ စာချုပ်ရှိနေသူဖြစ်သည်။

U Myo Thant

<< Back Ligue-1 News


Advertisement
Here