La-liga News

မက်ဆီနားလျှင် အဂူရိုနားမယ်

Jul 06 , 2016

မက်ဆီအနေနှင့် အာဂျင်တီးနားလက်ရွေးစင်အဖြစ်မှ အမှန်တကယ်အနားယူမည်ဆိုပါက နောက်ထပ်အနားယူမည့် သူမှာ မိမိ၏သားပင်ဖြစ်လိမ့်မည်ဟု အဂူရို၏ ဖခင်ဖြစ်သူက ပြောဆိုလိုက်သည်။

အာဂျင်တီးနားအသင်းမှာ ကိုပါအမေရိကဖိုင်နယ်တွင် ပယ်နယ်တီအဆုံးအဖြတ်၌ ချီလီကို ရှုံးနိမ့်ခဲ့ရပြီးနောက် မက်ဆီက လက်ရွေးစင်အဖြစ်မှာ အနားယူတော့မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

အာဂျင်တီးနားအတွက် ၁၁၃ပွဲ ကစားပေးထားသူ မက်ဆီမှာ ထိုပွဲတွင် ပထမဆုံး ပယ်နယ်တီကို ကန်သွင်းခွင့်ရခဲ့သူဖြစ်ပြီး လွဲချော် သွားခဲ့သည်။

၂၈နှစ်သား အဂူရိုမှာ ၂၀၀၆မှစ၍ အာဂျင်တီးနားအတွက် ၇၇ပွဲ ကစားပေးထားခဲ့ပြီဖြစ်ပြီး ကိုပါအမေရိကပွဲတွင် ၁ဂိုးသွင်း ယူပေးခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here