Other World Cup Football News

အလာဒိုက်စ်ကို ဖာဂူဆန်ထောက်ခံ

Jul 06 , 2016

မန်ယူနည်းပြဟောင်း ဖာဂူဆန်က လစ်လပ်နေသော အင်္ဂလန်နည်းပြ ရာထူးအတွက် ပြည်တွင်းမှဆိုလျှင် ဆမ်အလာဒိုက်စ်မှာ အသင့်လျော်ဆုံးဖြစ်ကြောင်း ထောက်ခံပြောဆိုလိုက်သည်။

အင်္ဂလန်အသင်းမှာ ယူရို ၂၀၁၆ပြိုင်ပွဲတွင် ဝေလကို ၂း၁ဖြင့် နိုင်ခဲ့သည်မှာလွဲ၍ ကျန်ပွဲများတွင် ခြေစွမ်းမှာ အားရစရာမရှိခဲ့ပဲ အံ့ဩဖွယ်ရာအဖြစ် အိုက်စလန်ကို ရှုံးကာပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် ဟော့ဆန်မှာ နည်းပြအဖြစ်မှ နှုတ်ထွက်သွားခြင်းဖြစ်သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်မှာ နည်းပြနေရာအတွက် အင်္ဂလိပ်လူမျိုးများထဲမှပင်မဟုတ်ပဲ နိုင်ငံခြားသားများထဲမှလည်း သင့်တော် သည်ဆိုပါက ရွေးချယ်ခန့်အပ်သွားမည်ဆိုသည်ကို နားလည်ကြောင်း၊ ပရီးမီးယားလိဂ်တွင် အင်္ဂလိပ်လူမျိုးနည်းပြ ၃ယောက်သာ ရှိသဖြင့်၊ ထိုကဲ့သို့ စဉ်းစားလာခြင်းဖြစ်ကြောင်း၊ သို့သော် အင်္ဂလိပ်လူမျိုးများထဲမှာသာ ခန့်အပ်မည်ဆိုပါက ဆန်းဒါးလန်းနည်းပြ ဆမ်အလာဒိုက်စ်မှာ အသင့်တော်ဆုံးဖြစ်ကြောင်း၊ ဆန်းဒါးလန်းကို တန်းမဆင်းရရေးအတွက် ဦးဆောင်ပေးနိုင်ခဲ့သည့် ဆမ်အလာဒိုက်စ်တွင် အင်္ဂလန်ကစားသမားများနှင့် ပတ်သက်၍ အတွေ့အကြုံရှိသူဖြစ်ကြောင်း ဖာဂူဆန် က ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Other World Cup Football News


Advertisement
Here