Serie-A News

နည်းပြသစ်ခန့်သော လာဇီယို

Jul 07 , 2016

စီးရီးအေကလပ် လာဇီယိုအသင်းမှာ အာဂျင်တီးနားလူမျိုး မာဆယ်လို ဘီအဲလ်ဆာကို နည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်။

အသက် ၆၀ရှိပြီဖြစ်သော ဘီအဲလ်ဆာမှာ လာဇီယိုကို လာမည့် ၉ရက်နေ့မှစတင်၍ တာဝန်ယူ ကိုင်တွယ်သွားမည်ဖြစ်ပြီး လာဇီယို အသင်းမှာ လွန်ခဲ့သော ရာသီတွင် အဆင့် ၈သာ ရရှိခဲ့ကာ လွန်ခဲ့သော ဧပြီလ နည်းပြ ပီအိုလီကို ထုတ်ပယ်ပြီးချိန်မှစ၍ နည်းပြမရှိ ခဲ့သော အသင်းဖြစ်သည်။

ဘီအဲလ်ဆာမှာ အာဂျင်တီးနားအသင်းကို ၂၀၀၄ အိုလံပစ်တွင် ရွှေတံဆိပ်ရစေခဲ့ပြီး ချီလီအသင်းကို ၂၀၁၀ ကမ္ဘာ့ဖလားခြေစစ် ပွဲ အောင်စေခဲ့သူဖြစ်သည်။

ထို့အပြင် သူသည် ဘီလ်ဘာအိုကို ၂၀၁၂ ယူရိုပါလိဂ်ဖိုင်နယ်နှင့် စပိန်ဘုရင့်ဖလားဖိုင်နယ်အဆင့်များအထိ ပို့ဆောင်ပေးနိုင်ခဲ့ သူဖြစ်သည်။

သူသည် ၂၀၁၅ ဩဂုတ်လတွင် မာဆေးလ်အသင်းနည်းပြအဖြစ်မှ ထွက်လာခဲ့သူလည်း ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here