Serie-A News

ပေါင် ၂သိန်းခွဲတောင်းတဲ့ တီဗက်ဇ်

Jul 07 , 2016

ဝက်စ်ဟမ်းအသင်းက အာဂျင်တီးနားတိုက်စစ်မှုး တီဗက်ဇ်ကို တစ်ပတ်လုပ်ခ ပေါင် ၁သိန်းခွဲဖြင့် ကမ်းလှမ်းခဲ့ရာတွင် တီဗက်ဇ် က ပေါင် ၂သိန်းခွဲ တောင်းခဲ့ကြောင်း သိရသည်။

ဝက်စ်ဟမ်းအသင်းက ဦးစားပေး တိုက်စစ်မှုးအဖြစ်ထားမည့် ကတိနှင့် အတူ တစ်ပတ်လုပ်ခပေါင် ၁သိန်းခွဲဖြင့် ကမ်းလှမ်းခဲ့ ရာတွင် လက်ရှိ ဘိုကာဂျူနီယာအသင်းတွင် ကစားနေသော တီဗက်ဇ်က "လစာဟာ စီးပွားရေးပါပဲ၊ ကျနော် ၀က်စ်ဟမ်းကို ချစ်ပါ တယ်၊ ၀က်စ်ဟမ်းက ကျနော်ကို တကယ်လိုချင်တယ်ဆိုရင် ပေါင် ၂သိန်းခွဲပေးပါ၊ လာခဲ့ပါ့မယ့်" ဟု တီဗက်ဇ်က ပြောဆိုသွားခဲ့ သည်။ "ဒါဆို တီဗက်ဇ်က ၀က်စ်ဟမ်းကို ချစ်တာလား၊ ၂သိန်းခွဲကို ချစ်တာလား ကျနော်ပြန်မေးချင်ပါတယ်" ဟု ၀က်စ်ဟမ်းပိုင် ရှင် ဆူလေဗန်က ပြောဆိုသွားခဲ့သည်။

"ဆက်လက်၍ သူကိုပြန်ခေါ်တယ်ဆိုတာ တကယ် အလောင်းအစားတစ်ခုပါ။ သူဟာ အသက် ၃၃နှစ်ရှိနေပါပြီ၊ သူဟာ မနှစ်က ဂျူဗင်တပ်မှာ ခြေစွမ်းကောင်းခဲ့ပါတယ်၊ ဒါပေမယ့် ၂သိန်းခွဲ ရခဲ့လို့လား" ဟု ပြောဆိုသွားခဲ့သည်။

တီဗက်ဇ်မှာ ၂၀၀၆တွင် ၀က်စ်ဟမ်းသို့ ရောက်ခဲ့ပြီး ယင်းနောက် မန်ယူသို့ အငှားစာချုပ်ဖြင့် လာရောက်ကစားစဉ် ပရီးမီးယား ဖလား ၂ကြိမ်၊ ချန်ပီယံဖလား ၁ကြိမ် ရရှိခဲ့သည်။ ယင်းနောက် မန်စီးတီးသို့ ရောက်ခဲ့ကာ ၂၀၁၁-၁၂ ပရီးမီးယားဖလားရခဲ့ပြီး ၂၀၁၃တွင် ဂျူဗင်တပ်သို့ ပြောင်းသွားခဲ့ပြီး စီးရီးအေဖလား ၂ကြိမ် ရခဲ့သူဖြစ်သည်။

U Myo Thant

<< Back Serie-A News


Advertisement
Here