Euro 2016

မဆုံးဖြတ်သေးသော နည်းပြ

Jul 08 , 2016

အိမ်ရှင်ပြင်သစ်ကို ရှုံး၍ ယူရို ၂၀၁၆ ပြိုင်ပွဲမှ ထွက်ခဲ့ရသော ဂျာမနီနည်းပြ ဂျိုအာချင်လိုက သူ့အနေနှင့် ရှေ့ရေးကို အလောသုံးဆယ် ဆုံးဖြတ်မည်မဟုတ်ဟု ပြောဆိုလိုက်သည်။

ဂျာမနီအသင်းမှာ လွန်ခဲ့သော ၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင် ဗိုလ်စွဲခဲ့သော်လည်း ယခု ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်နှင့် သာ ကျေနပ်ခဲ့ရပြီဖြစ်သည်။

ဂျာမနီအသင်းနှင့် ၂၀၁၈အထိ စာချုပ်ရှိနေသော နည်းပြ လိုက "ကျနော့် အနာဂတ်အတွက် ဘာခန့်မှန်းချက်မှ မပေးနိုင်သေးပါဘူး။ ဒီပြိုင်ပွဲမှ ဆီမီးအထိ ရောက်နိုင်ခဲ့တာဟာ ဘာပဲဖြစ်ဖြစ် ကျေနပ်နိုင်တဲ့ အနေအထားမျိုးပါ။ ကျနော်တို့အနေနဲ့ လာမယ့် ၂နှစ်မတိုင် မီ ဘာတွေဖြစ်ဦးလဲဆိုတာ မသိနိုင်ပါဘူး။ ကျနော်ဟာ ကျနော်အတွက်ရော အသင်းအတွက်ပါ အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက် မျိုးချမှတ်နိုင် ဖို့ ကြိုးစားသွားမှာပါ" ဟုပြောဆိုသွားခဲ့သည်။

ဂျာမနီမှာ လာမယ့် စက်တင်ဘာလအတွင်း ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲများ စတင်ကစားရတော့မည်ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here