Euro 2016

ရှေ့ရေးအကြောင်းပြောတဲ့ နည်းပြ

Jul 09 , 2016

ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့သော ဝေလအသင်းမှာ နည်းပြ ကိုးလ်မန်းက လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားပွဲ မှာ သူဝေလကို ကိုင်တွယ်မည့် နောက်ဆုံးပွဲစဉ်များ ဖြစ်လိမ့်မည်ဟု ပြောဆိုသွားခဲ့သည်။

ဝေလအသင်းမှာ ဆယ်စုနှစ်များစွာအတွင်း ယူရိုပြိုင်ပွဲများတွင် သမိုင်းဝင်အောင်မြင်မှုအဖြစ် ဆီမီးဖိုင်နယ်သို့ တက်လာနိုင်ခဲ့ပြီ ရှုံးနိမ့်ခဲ့သော်လည်း အိမ်အပြန်တွင် ပရိသတ်များက သူရဲကောင်းများသဖွယ် ကြိုဆိုခြင်းကို ခံခဲ့ရသည်။

အသက် ၄၆နှစ်ရှိပြီဖြစ်သော ကိုးလ်မန်းမှာ ဝေလနှင့် ၂၀၁၈အထိ စာချုပ်ရှိနေပြီး ၂၀၁၈ ရုရှ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲများကို စက်တင်ဘာလ ၅ရက်နေ့တွင် စတင်ကစားရမည်ဖြစ်ကာ ပထမဆုံး တွေ့ရမည့် အသင်းမှာ မော်လ်ဒိုဗာ ဖြစ်သည်။

ကိုးလ်မန်းမှာ ဝေလကို ၂၀၁၂ ဇန်န၀ါရီလမှ စတင် ကိုင်တွယ်ခဲ့သူဖြစ်သည်။

U Myo Thant

<< Back Euro 2016


Advertisement
Here