Euro 2016

နိုင်မှာပါဆိုတဲ့ ရိုနယ်ဒို

Jul 09 , 2016

ရီးရဲလ်တိုက်စစ်မှုး စီရိုနယ်ဒိုက ယူရို ၂၀၁၆ ဖိုင်နယ်တွင်  အိမ်ရှင်ပြင်သစ်က ရေပန်းစားနေသော်လည်း မိမိတို့ အနိုင်ရမည်ဟု ယုံ ကြည်ကြောင်း ပြောဆိုသွားခဲ့သည်။

ပေါ်တူဂီအသင်းမှာ ယူရို ၂၀၀၄တွင် ဖိုင်နယ်သို့ တက်နိုင်ခဲ့ပြီး ဂရိကို ရှုံးနိမ့်ပေးခဲ့ရပြီ ယခု ၁၂နှစ်အကြာတွင် ဖိုင်နယ် သို့ နောက်တစ်ကြိမ်တက်လာကာ အဓိက ဆုဖလားတစ်လုံး ရရှိရေးအတွက် လက်တစ် ကမ်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။

စီရိုနယ်ဒိုက "ကျနော် အမြဲမက်ခဲ့တဲ့ အိပ်မက်ကတော့ လက်ရွေးစင်အသင်းနှင့် အတူ ဆုဖလားရယူနိုင်ဖို့ပါ။ ကျနော်ဟာ ကလပ် သင်းအဆင့်မှာ ဆုပေါင်းစုံ ရယူနိုင်ခဲ့ပြီဖြစ်ပေမယ့် ပေါ်တူဂီနဲ့တော့ ဘာဆုမှ မရသေးပါဘူး။ လက်ရှိအချိန်မှာ ပြင်သစ်ဟာ အိမ်ရှင် အသင်းပီပီ ရေပန်းစားနေပေမယ့် ကျနော်နဲ့ ကျနော်အသင်းသားတွေဟာ ပရိသတ်တွေအတွက် အကောင်းဆုံး ဆုလက်ဆောင် ရယူပေးဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ" ဟု ပြောဆိုခဲ့သည်။

ပေါ်တူဂီအသင်းမှာ သာမန်ပွဲကစားချိန် မိနစ် ၉၀အတွင်း နိုင်ပွဲ၁ပွဲသာ ရခဲ့သော်လည်း ဖိုင်နယ်အထိ တက်လာသည့် အသင်းဖြစ်သည်။

U Myo Thant

<< Back Euro 2016


Advertisement
Here