Euro 2016

အင်္ဂလန်နည်းပြ လုပ်ချင်သူ

Jul 09 , 2016

အမေရိကန်အသင်းနည်းပြ ကလင်းစမန်းမှာ လစ်လပ်နေသော အင်္ဂလန်နည်းပြနေရာကို အမှန်ပင် စိတ်ဝင်တစားရှိနေကြောင်း နီးစပ်သည့် မိတ်ဆွေဖြစ်သူ ဂျာမနီလက်ရွေးစင်ဟောင်း ဘီယာဟော့ဖ်က ပြောဆိုလိုက်သည်။

ယူရို ၂၀၁၆ တွင် အခြေအနေမကောင်းပဲ ထွက်ခဲ့ရပြီးနောက် အင်္ဂလန်နည်းပြ ဟော့ဆန်မှာ ရာထူးမှ နှုတ်ထွက်သွားခဲ့ခြင်းဖြစ် သည်။

ဂျာမနီအသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးသည့် ကလင်းစမန်းမှာ အမေရိကန်အသင်းကို ၂၀၁၁မှစ၍ တာဝန်ယူနေခြင်းဖြစ်ပြီး ပြီးခဲ့ သည့် ၂၀၁၆ ကိုပါအမေရိက ပွဲတွင် အမေရိကန်ကို ဆီမီးဖိုင်နယ်အထိ ရောက်ရှိစေခဲ့သူဖြစ်သည်။

အသက် ၅၁နှစ်အရွယ် ကလင်းစမန်းမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံနွေးဆွေးနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ဘီယာဟော့ဖ်က အင်္ဂလန်ကသာ ကလင်းစမန်းကို ခန့်အပ်ခဲ့ပါက အသင့်တော်ဆုံး ရွေးချယ်မှုဟု ဆက် လက်ပြောဆိုသွားခဲ့သည်။

U Myo Thant

<< Back Euro 2016


Advertisement
Here