World CUp 2014 News

ပွဲပယ်ခံရသော နည်းပြများ

Aug 05 , 2014

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာသည် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နည်းပြ ၂ ဦးအား ပွဲပယ်ပြစ်ဒဏ်များ ချမှတ်လိုက်သည်။

ဂရိလက်ရွေးစင် အသင်းနည်းပြဆန်းတို့စ်မှာ ကော်စတာရီကာနှင့်ပွဲတွင် အချိန်ပိုကစားနေချိန်၌ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး သူ့မှား ယွင်းမှုများအတွက် ဖီဖာက ၈ ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်သည်။

ထိုပွဲတွင် ဂရိနှင့် ကော်စတာရီကာမှာ ၁ ဂိုးစီသရေကျခဲ့ပြီးနောက် ပင်နယ်တီ အဆုံးအဖြတ်၌ ကော်စတာရီကာက ၅း၃ ဖြင့် အနိုင်ရ ကာ ကွာတားတက်သွားခဲ့သည်။

ဆန်းတို့စ်မှာ ကမ္ဘာ့ဖလားပွဲအပြီးတွင်း ဂရိနည်းပြရာထူးမှ ထွက်သွားခဲ့သူဖြစ်သဖြင့် အကယ်၍ အသင်းတစ်သင်းသင်း၏ နည်းပြ အဖြစ် ပြန်လည်တာဝန်ယူမည်ဆိုပါက ယင်း ၈ ပွဲပယ်ပြစ်ဒဏ် ကျခံရမည်ဖြစ်သည်။

အလားတူ အီတလီအသင်းမှ ကြံ့ခိုင်ရေးနည်းပြ အက်စ်ပိုဆီတို့မှာလည်း ဥရုဂွေးကို ၁းဝ နှင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး ဖီဖာက သူ့ကို ၆ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ထိုပြစ်ဒဏ်များကို ဖီဖာစည်းကမ်းထိန်းသိမ်းရေကော်မတီက လေ့လာစီစစ်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here