Euro 2016

စီရိုနယ်ဒိုကို ဖာဂူဆန်ချီးကျူး

Jul 11 , 2016

ယူရို ၂၀၁၆ ချန်ပီယံဖလားကို ကိုင်မြှောက်ခွင့်ရခဲ့သည့် ပေါ်တူဂီအသင်းခေါင်းဆောင် စီရိုနယ်ဒိုကို ဆရာဟောင်းဖြစ်သူ မန်ယူ နည်းပြဟောင်း ဖာဂူဆန်က ချီးကျူးလိုက်သည်။

စီရိုနယ်ဒိုမှာ ဖိုင်နယ်ပွဲစဉ်တွင် ၂၅မိနစ်သာ ပါဝင်ကစားခွင့်ရခဲ့ပြီး ဒဏ်ရာကြောင့် လူစားလဲခဲ့ရသူ ဖြစ်သည်။

အဆိုပါ ပွဲစဉ်တွင် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည့် အသင်းဖော် ပီပီက ယခု ချန်ပီယံဆုမှာ စီရိုနယ်ဒို အတွက် ဖြစ်သည်ဟု ဆိုခဲ့သည်။

အိမ်ရှင် ပြင်သစ်အသင်းမှာ မိနစ် ၉၀အတွင်း သရေခံကစားနိုင်ခဲ့သော်လည်း အချိန်ပို ဒုတိယပိုင်းတွင် ဂိုးပေးလိုက်ရသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ရယူခွင့်ပင် မရရှိလိုက်တော့ပဲ အရှုံးပေးခဲ့ရခြင်းဖြစ် သည်။

ပေါ်တူဂီအသင်းမှာ ယူရို ၂၀၁၆တွင် မိနစ် ၉၀အတွင်း နိုင်ပွဲ၁ပွဲသာ ရခဲ့သော်လည်း ချန်ပီယံဖြစ်သွားသည့် အသင်းအဖြစ် မှတ်တမ်း ၀င်ခဲ့ပြီး ပေါ်တူဂီမှာ ၎င်းတို့ သမိုင်းတစ်လျှောက် အဓိကပြိုင်ပွဲကြီး တစ်ခု တွင် ပထမဆုံး ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။

U Myo Thant

<< Back Euro 2016


Advertisement
Here