Euro 2016

စံချိန်ချိုးသော ဆန်းချက်ဇ်

Jul 11 , 2016

စီရိုနယ်ဒိုတင်ထားခဲ့သော ယူရိုဖိုင်နယ်တွင် ပါဝင်ကစားခွင့်ရသည့် အသက်အငယ်ဆုံး ကစားသမားစံချိန်ကို ပေါ်တူဂီအသင်းဖော် ရီနာတိုဆန်းချက်ဇ်က  ကျော်ဖြတ်သွားခဲ့ပြီဖြစ်သည်။

ပေါ်တူဂီကစားသမား စီရိုနယ်ဒိုမှာ ၂၀၀၄ဖိုင်နယ်တွင် ပါဝင်ကစားခွင့်ရစဉ်က အသက် ၁၉နှစ်နှင့် ၁၅၀ရက်ဖြင့် အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ထားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ပြင်သစ်နှင့် ကစားရသော ယူရိုဖိုင်နယ်တွင် ပါဝင်ခွင့်ရခဲ့သော ဆန်းချက်ဇ်က ၁၈နှစ် ၃၂၆ရက်ဖြင့် စံချိန်ချိုးခဲ့ခြင်းဖြစ်သည်။

ဆန်းချက်ဇ်မှာ စီရိုနယ်ဒိုပင် တင်ထားခဲ့သော အဓိကပြိုင်ပွဲကြီးများတွင် ၀င်ကစားခွင့်ရသည့် အသက်အငယ် ဆုံး ပေါ်တူဂီကစားသမား စံချိန်ကို ယခု ယူရို ၂၀၁၆တွင် ၀င်ကစားခွင့် ရခဲ့သည့် စံချိန်သစ် ထပ်တင်ခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်တွင် ကစားနေသည့် ကွင်းလယ်ကစားသမား ဆန်းချက်ဇ်မှာ ယူရို  ရှုံးထွက်အဆင့်တွင် ဂိုးသွင်းနိုင်သည့် အသက် အငယ်ဆုံး ကစားသမားအဖြစ်လည်း ပိုလန်နှင့် ပွဲတွင် စံချိန်တင်ခဲ့ပြီးဖြစ်သည်။

U Myo Thant

<< Back Euro 2016


Advertisement
Here