Serie-A News

အိုင်ကာဒီကို မရောင်းပါ

Jul 12 , 2016

အာဂျင်တီးနား တိုက်စစ်မှုး အိုင်ကာဒီကို အင်တာအသင်းက ထုတ်ရောင်းလိမ့်မည်ဆိုသော အိုင်ကာဒီ၏ ဇနီးနှင့် အေးဂျင်ြ့ဖစ်သူ၏ စကားကို အင်တာအားကစားဒါရိုက်တာ အော်စီလီယိုက ပယ်ချလိုက်သည်။

အိုင်ကာဒီ၏ ဇနီးလည်းဖြစ်၊ အေးဂျင့်လည်းဖြစ်သူ ၀န်ဒါနာရာက အင်တာအသင်းသည် အိုင်ကာဒီကို ထုတ်ရောင်းရန် ပြင်ဆင်နေ သည်ဟု တနင်္ဂနွေနေ့က ပြောဆိုခဲ့ပြီး ထိုသတင်းကို အော်စီလီယိုက ယနေ့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

၂၃နှစ်သား အိုင်ကာဒီကို အင်တာက ၂၀၁၅ ဇွန်လတွင်  ၄နှစ် စာချုပ်သစ်ချုပ်ဆိုထားခဲ့ပြီး အက်သလက်တီကိုက စိတ်ဝင် စားနေသော သူ့ကို ထုတ်ရန်အစီအစဉ်မရှိကြောင်း၊ အိုင်ကာဒီမှာ အင်တာ၏ အသင်းခေါင်းဆောင်လည်းဖြစ်ကြောင်း၊ လွန် ခဲ့သော နှစ်ကမှ ၄နှစ် သက်တမ်းတိုးထားသူတစ်ဦးကို မိမိတို့ ရူးရူးမိုက်မိုက် ထုတ်ရောင်းမည်မဟုတ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here