Europe News

ဖယ်ကာအိုကို မရောင်းပါ

Aug 05 , 2014

မိုနာကိုနည်းပြ ဂျာဒင်က တိုက်စစ်မှူး ဖယ်ကာအိုကိုရောင်းမည်မဟုတ်ဟု ပြောဆိုလိုက်သည်။

၂၈ နှစ်သား ဖယ်ကာအိုကို အဓိကလိုချင်နေသည့်အသင်းမှာ ချန်ပီယံလိဂ်ဖလားပိုင်ရှင် ရီးရဲလ် ဖြစ်သည်။ လွန်ခဲ့သော ဇန်န၀ါရီလ က ဒဏ်ရာရရှိခဲ့သဖြင့် ကမ္ဘာ့ဖလားပွဲကိုပါ လွဲချော်ခဲ့ရသော ကိုလံဘီယာလက်ရွေးစင် ဖယ်ကာအိုမှာ ယခုအခါ ပြန်လည်ကစားနိုင် ပြီဖြစ်ပြီး ပထမဆုံးဝင်ကစားခွင့်ရခဲ့သည့် အာဆင်နယ်နှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သည်။

ကိုလံဘီယာအသင်းမှာ ဖယ်ကာအိုမပါဝင်နိုင်ခဲ့သော်လည်း ကွာတားဖိုင်နယ်အထိ တက်ရောက်ခဲ့ပြီး တိုက်စစ်မှူး ရိုဒရီဂုဇ် မှာ ရွှေခြေထောက် ဆု ရရှိခဲ့သည်။ ရီးရဲလ်မှာ ရိုဒရီဂုဇ်ကို ခေါ်ယူထားခဲ့ပြီး ဘေးလ်၊ စီရိုနယ်ဒိုတို့နှင့်အတူ တိုက်စစ်ပိုင်းထိရောက် ထက်မြက်စေရန် ပြင်ဆင်နေသော အသင်းဖြစ်သည်။

မိုနာကိုနည်းပြ ဂျာဒင်က လက်ရှိအချိန်တွင် ဖယ်ကာအိုမှာ မိမိတို့တိုက်စစ်မှူး အဖြစ်သာရှိနေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဖယ်ကာအိုမှာ ရီးရဲလ်၏ မြို့ခံပြိုင်ဘက်အက်သလက်တီကိုမှ မိုနာကိုသို့ ပေါင် ၅၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here