Euro 2016

သမ္မတနှင့် တွေ့သော ပေါ်တူဂီအသင်း

Jul 12 , 2016

ယူရို ၂၀၁၆ ချန်ပီယံပေါ်တူဂီအသင်းမှာ လစ္စဘွန်းမြို့တော်သို့ ပြန်လည်ရောက်ရှိလာရာတွင် ထောင်သောင်းချီသော ပရိသတ်များက သူရဲကောင်းကဲ့သို့ ကြိုဆိုခဲ့ကြပြီး နိုင်ငံသမ္မတကြီးနှင့်လည်း တွေ့ဆုံခဲ့ ရသည်။

လေယာဉ်ပေါ်မှ အဆင်းတွင် နည်းပြ ဆန်းတို့နှင့် အသင်းခေါင်းဆောင် စီရိုနယ်ဒိုတို့က ဆုဖလားကြီးကို ကိုင်မြှောက်ပြခဲ့ပြီး လမ်းတစ်လျှောက်တွင်လည်း ပရိသတ်များက နိုင်ငံအလံများ ဝှေ့ရမ်းကာ ကြိုဆို ခဲ့ကြသည်။

ယူရို ၂၀၀၄ တွင် အိမ်ရှင်အဖြစ်နှင့် ချန်ပီယံဖြစ်ခွင့် နီးစပ်ခဲ့သော်လည်း ဗိုလ်လုပွဲတွင် ဂရိကို ရှုံးနိမ့်ခဲ့ရပြီး ယခု ယူရို ၂၀၁၆ တွင်မှ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဆုဖလားကြီးတစ်လုံးကို ရယူနိုင်ခဲ့ ခြင်းဖြစ်သည်။

အသင်းခေါင်းဆောင် စီရိုနယ်ဒိုက"ကျနော်တို့ ချန်ပီယံဖြစ်မယ့်လို့ ဘယ်သူကမှ မယုံခဲ့ကြပါဘူး...၊ ကျနော်ဟာ ကလပ်အသင်းနဲ့ ဆုပေါင်းစုံရဖူးပေမယ့် အခု ပေါ်တူဂီနဲ့အတူ ဆုရခဲ့တာဟာ ဘာနဲ့မှ မလဲနိုင် တဲ့ ဂုဏ်ယူရလွန်းတဲ့အရာပါ" ဟု ပြောဆိုခဲ့သည်။

ဗိုလ်လုပွဲတွင် ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရသော်လည်း ပွဲပြီးခါနီး ကွင်းဘေးမှနေ၍ အသင်းသားများကို အော်ဟစ်ပြောဆိုနေ  ခဲ့သော စီရိုနယ်ဒို၏ စိတ်လှုပ်ရှားစရာ အမူအရာများမှာ ရုပ်သံပရိသတ်များ အတွက် ကျေနပ်စရာဖြစ်ခဲ့ရသည်။

U Myo Thant

<< Back Euro 2016


Advertisement
Here