Champions League

ရော်ဂျာစ်နှင့် ပွဲဦးထွက်အရှုံး

Jul 13 , 2016

ဆဲလ်တစ်နည်းပြသစ် ရော်ဂျာစ်မှာ ယခုရာသီ ပထမဦးဆုံးပွဲစဉ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ဒုတိယဆင့်ခြေစစ်ပွဲ ပထမအကျော့တွင် ဂျီဘရော်လတာကလပ်အသင်း လင်ကွန်းနှင့် ကစားရာ၌ ၀း၁ဖြင့် ရှုံးနိမ့် သွားခဲ့သည်။

ပရော်ဖက်ရှင်နယ်စစ်စစ် အသင်းမဟုတ်သေးသော လင်ကွန်းအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ကစားသမား ရဲအရာရှိ ကာစီရာယိုက သွင်းယူသွားခြင်းဖြစ်သည်။

ယင်းအသင်းတွင် မီးသတ်သမားများ၊ အကောက်ခွန်အရာရှိများ၊ ရဲဝန်ထမ်းများ၊ တက္ကဆီယာဉ်မောင်းများပါဝင်ကြသော အသင်းဖြစ်ပြီး ထိုအသင်းမျိုးကို ရှုံးနိမ့်ခဲ့သော်လည်း မိမိစိတ်ပျက်သွားခြင်းမရှိ ကြောင်း၊ အိမ်ကွင်းကစားရမည့် အလှည့်တွင် မိမိတို့ ပထမအကျော့ရလဒ်ကို ကျော်လွှားပြမည်ဖြစ်ကြောင်း  ရော်ဂျာစ်က ပြောဆိုသွားခဲ့သည်။

U Myo Thant

<< Back Champions League


Advertisement
Here