ဗိုလ်စွဲခဲ့သည့် မန်ယူ

Aug 05 , 2014

အမေရိကန်တွင် ကစားခဲ့သည့် နိုင်ငံတကာ ချန်ပီယံရှစ်ဖလားပြိုင်ပွဲတွင် မန်ယူက လီဗာပူးကို ၃း၁ ဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့ ပြီဖြစ်သည်။

ထိုပွဲစဉ်တွင် လီဗာပူးမှ ဂျရတ်က ၁၄ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။

သို့သော် ဒုတိယပိုင်းတွင် မန်ယူမှ ရွန်းနီနှင့်မာတာတို့က ၅၅ မိနစ်နှင့် ၅၇ မိနစ်တို့၌ ၂ ဂိုးထက်သွင်းယူပြီး ပြန်လည်ဦးဆောင်ခဲ့ကာ ၈၉ မိနစ်တွင် လင်ဂတ်က ပွဲသိမ်းအနိုင်ဂိုးသွင်းယူသွားခဲ့သည်။

ရွန်းနီမှာ ယခုပွဲတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သည်။

မန်ယူမှာလာမည့် ပရီးမီယားလိဂ်ပွဲဦးထွက်တွင် ဆွမ်ဆီးနှင့် ကစားရမည်ဖြစ်ပြီး လီဗာပူးက ဆောက်သင်တန်နှင့် ယှဉ်ပြိုင်မည်ဖြစ် သည်။

U Myo Thant




<< Back


Advertisement
Here