Serie-A News

သက်တမ်းမတိုးတဲ့ ဟီဂူအင်

Jul 14 , 2016

နာပိုလီ တိုက်စစ်မှုး ဟီဂူအင်မှာ အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ငြင်းဆိုထားကြောင်း သိရသည်။

အာဆင်နယ်အသင်းမှာ တိုက်စစ်မှုးများ ဒဏ်ရာရနေသည့်အတွက် တိုက်စစ်မှုးဖြည့်ရန် လိုအပ်နေပြီး လက်စတာတိုက်စစ်မှုး ဗာဒီ ကို ခေါ်ယူလိုသော်လည်း မရခဲ့ခြင်းကြောင့် တိုက်စစ်မှုးသစ် ရှာဖွေနေ သော အသင်းဖြစ်သည်။

အာဂျင်တီးနားသား ဟီဂူအင်မှာ အသင်းနှင့် သက်တမ်းမတိုးဟုဆိုသော်လည်း နာပိုလီအသင်းက သူ့ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ဟု သတ်မှတ်ထားခြင်းကြောင့် အချို့အသင်းများအတွက် လက် လျှော့စရာ ဖြစ်ခဲ့ရသည်။

လွန်ခဲ့သော ရာသီက နာပိုလီအတွက် ၃၆ဂိုး သွင်းယူပေးနိုင်ခဲ့သော ဟီဂူအင်မှာ အာဂျင်တီးနားနှင်အတူ ကိုပါအမေရိကပွဲတွင် ပါဝင်ခဲ့သူဖြစ်သည်။

သူသည် ၂၀၀၄မှ ၂၀၀၇အထိ ရေးဗားပလိတ်တွင် ၄၁ပွဲကစား ၁၅ဂိုး သွင်းခဲ့ပြီး၊ ၂၀၀၇မှ ၂၀၁၃ အထိ ရီးရဲလ်တွင် ၂၆၄ပွဲ ကစား ၁၂၁ဂိုး သွင်းခဲ့ပြီးနောက် ၂၀၁၃တွင် နာပိုလီသို့ ရောက်လာခဲ့ကာ ၁၄၆ပွဲ ကစား ၉၁ဂိုး သွင်းပေးထားပြီ ဖြစ်သည်။

U Myo Thant

<< Back Serie-A News


Advertisement
Here