La-liga News

နောက်ခံလူခေါ်သော ဘာကာ

Jul 14 , 2016

လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းမှာ PSG မှ ပြင်သစ်နောက်ခံလူ ဒစ်ဂနီကို ပြောင်းရွှေ့ကြေးပေါင် ၁၃.၉သန်းဖြင့် ခေါ်ယူလိုက် ပြီဖြစ်သည်။

၂၂နှစ်သား ဒစ်ဂနီမှာ လွန်ခဲ့သော ရာသီတွင် အငှားကစားသမားအဖြစ် စီးရီးအေကလပ် ရိုးမားတွင် ၃၃ပွဲ ကစားပေးခဲ့သူဖြစ်ပြီး ယခု ဘာစီလိုနာက ၅နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

သူသည် ၂၀၁၃တွင် လိုင်လီမှ PSG သို့ ရောက်ရှိခဲ့သူဖြစ်ပြီး ၄၄ပွဲ ကစားခွင့်ရခဲ့သည်။

ဒစ်ဂနီမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၁၃ပွဲ ကစားခွင့်ရထားသူဖြစ်ပြီး အိမ်ရှင်အဖြစ် တာဝန်ယူခဲ့ရသော ယူရို ၂၀၁၆ ပြိုင်ပွဲတွင်မူ ၀င်ကစားခွင့် မရခဲ့ပေ။

ဘာစီလိုနာမှာ ယခုနွေတွင် လိုင်လီမှ ပြင်သစ်သား နောက်ခံလူ အမ်တီတီကို ခေါ်ယူခဲ့ပြီးနောက် ယခု ဒုတိယမြောက် ပြင်သစ်သားတစ်ဦးကို ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here