Bundesliga News

ဒေါ့မွန်ရောက်မည့် ဂေါ့ဇီ

Jul 15 , 2016

ဒေါ့မွန်အသင်းသည် ဘိုင်ယန်မှ ဂေါ့ဇီကို ခေါ်ယူရန်အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။

လွန်ခဲ့သော ၂၀၁၃တွင် ဒေါ့မွန်မှ ဘိုင်ယန်သို့ ယူရို ၃၇သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သော ဂေါ့ဇီကို ယခုအခါ ဘိုင်ယန် က ပြောင်းရွှေ့ကြေး ၂၇ သန်း လိုချင်သော်လည်း ဒေါ့မွန်၏ ယူရို ၂၃သန်းဖြင့် ကမ်းလှမ်း ခြင်းကို လက်ခံလိုက်ခြင်းဖြစ်သည်။

ကွင်းလယ်ကစားသမား ဂေါ့ဇီမှာ ဘိုင်ယန်၏ ပွဲဦးထွက် လူစာရင်းတွင် ပုံမှန်ပါဝင်ခွင့်အတွက် ရုန်းကန်နေခဲ့ရပြီးနောက် အသင်းပြောင်းရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။

ဂေါ့ဇီအနေနှင့် ဘိုင်ယန်နှင့် ပထမ ၂ရာသီတွင် ဂိုး၃၀ သွင်းနိုင်ခဲ့သော်လည်း လွန်ခဲ့သော ရာသီတွင် ၆ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ပုံမှန်ကစားခွင့်လည်း လျှော့နည်းခဲ့သူဖြစ်သည်။

 

U Myo Thant




<< Back Bundesliga News


Advertisement
Here