Ligue-1 News

PSG ရောက် ကလွိုက်ဗတ်

Jul 15 , 2016

ဟော်လန် တိုက်စစ်မှုးဟောင်းတစ်ဦးဖြစ်သော အသက် ၄၀အရွယ် ပက်ထရစ်က လွိုက်ဗတ်မှာ PSGသို့ အားကစားဒါရိုက်တာ ရာထူးဖြင့် ရောက်ရှိသွားပြီဖြစ်သည်။

အေဂျက်၊ ဘာစီလိုနာ၊ နယူးကာဆယ်တို့တွင် ကစားခဲ့ဖူးသော လွိုက်ဗတ်မှာ ဟော်လန်လက်ထောက်နည်းပြ၊ အေဂျက် ယူ-၁၉ နည်းပြ နေရာများတွင် လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။

နည်းပြသစ် အမ်မရီ ကိုင်တွယ်မည့် PSG သို့ ရောက်ရှိလာခြင်းအတွက် မိမိဂုဏ်ယူပါကြောင်း၊ မိမိ၏ အတွေ့အကြုံများဖြင့် အသင်းကောင်းကျိုးအတွက် အတက်နိုင်ဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း၊ PSG ကဲ့သို့သော ဥရောပထိပ်တန်းအသင်းကြီးက မိမိ ကို ယုံကြည်မှုရှိရှိဖြင့် ခေါ်ယူခဲ့ခြင်းအပေါ် မိမိ စွမ်းအားရှိသမျှ ကြိုးပမ်းအားထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Ligue-1 News


Advertisement
Here