Europe News

နားရဦးမည့် ဒီဖိုး

Aug 05 , 2014

တိုရန်တို FC တိုက်စစ်မှူး ဒီဖိုးမှာ ပေါင်ခြံဒဏ်ရာရခဲ့သဖြင့် ၃ ပတ်ခန့်နားရမည်ဟု သိရသည်။

အသက် ၃၁ နှစ်ရှိပြီဖြစ်သော ဒီဖိုးမှာ အင်္ဂလန်လက်ရွေးစင်ဟောင်တစ်ဦးဖြစ်ပြီး ယခုဒဏ်ရာကြောင့် ဗုဒ္ဓဟူးနေ့ ကစားမည့် မေဂျာ လိဂ် All Star အသင်းနှင့် ဘိုင်ယန်တို့ ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။

ဒီဖိုး နားရမည့်အသင်းကို တိုရန်တို FC က တရားဝင်ထုတ်ပြန်ခဲ့ပြီး အနည်းဆုံး ၂ ပတ်မှ ၃ ပတ်အထိ နားရမည်ဟု ဆိုသည်။

မေဂျာလိဂ်သို့ ရောက်လာသည့် ပထမဆုံးရာသီတွင် ဒီဖိုးမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ၁၁ ဂိုးသွင်းယူပေးခဲ့သည်။

သို့သော် ယခုဒဏ်ရာကြောင့် နယ်လ်ဆင်ကိုင်တွယ်နေသော တိုရန်တို အသင်းအတွက် အခက်တွေ့စေခဲ့ပြီး စပါး တိုက်စစ် မှူးဟောင်း ဒီဖိုးမှာ ကိုလံဘတ်စ်၊ ကင်းဆပ်စ်စီးတီး အသင်းများနှင့် ကစားရမည့် ပွဲစဉ်များကို လွဲချော်မည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here