Bundesliga News

တစ်လနားမည့် ရူးစ်

Jul 15 , 2016

ဒေါ့မွန်မှ မာကိုရူးစ်မှာ ဒဏ်ရာကြောင့် နောက်တစ်လခန့် နားရဦးမည်ဟု သိရသည်။

လွန်ခဲ့သော ရာသီ ဂျာမန်ဖလား ဗိုလ်လုပွဲအဖြစ် ဘိုင်ယန်နှင့် ကစားခဲ့သည့်ပွဲတွင် ဒဏ်ရာရခဲ့သော ရူးစ်မှာ ယင်းဒဏ်ရာကြောင့် ဂျာမနီအသင်းနှင့်အတူ ယူရို ၂၀၁၆ ပြိုင်ပွဲဆင်နွဲ့ခွင့်နှင့် ဝေးကွာခဲ့ရပြီး အစောပိုင်း သတင်းများအရ လာမည့် ရာသီဝက်ခန့်တွင် မှ ပြန်ကစားနိုင်မည်ဟု ဆိုခဲ့ကြသည်။

သို့သော် ဒေါ့မွန်အသင်း တာဝန်ရှိသူများက ထိုသတင်းကို ငြင်းဆိုခဲ့ပြီး ဒဏ်ရာမြန်ဆန်စွာ သက်သာလာမှုကြောင့် နောက်တစ်လ ခန့်သာ နားရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဒေါ့မွန် CEO ၀တ်ဇကီက ရူးစ်အနေနှင့် နောက်တစ်လခန့်သာ နားရမည်ဖြစ်ပြီး ဩဂုတ်လလယ်ခန့်တွင် လေ့ကျင့်ရေးဆင်းနိုင် မည်ဖြစ်ကြောင်း၊ ဩဂုတ်လ ၁၄ရက် ဘိုင်ယန်နှင့် ကစားရမည့် ဂျာမန်စူပါ ဖလားပွဲနှင့် ယင်းနောက် အိန့်ထရက်ခ်ျနှင့် ကစားရမည့် ဂျာမန်ဖလားပွဲတို့ကို လွဲချော်မည်ဖြစ်သော်လည်း ဩဂုတ်လ ၁၇ရက်နေ့ မင့်ဇ်နှင့် ကစားရမည့် ဘွန်ဒစ်လီဂါ ပွဲစဉ် (၁)တွင် ပါဝင်နိုင် မည်ဟု ပြော ဆိုခဲ့သည်။

U Myo Thant

<< Back Bundesliga News


Advertisement
Here