Serie-A News

ပိုဂဘာကို သက်တမ်းတိုးလိုသော ဂျူဗီ

Jul 16 , 2016

မန်ယူက ခေါ်ယူလိုနေသော ပြင်သစ်သား ပိုဂဘာကို ဂျူဗင်တပ်အသင်းက ၅နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားရန်ကမ်းလှမ်း ထားကြောင်း သိရသည်။

ကွင်းလယ်ကစားသမား ပိုဂဘာကို အသင်းဟောင်းဖြစ်သည့် မန်ယူက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဖြင့် ကမ်း လှမ်းထားကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် ဂျူဗင်တပ်က သက်တမ်းတိုးရန် ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

၂၃နှစ်သား ပိုဂဘာ၏ အေးဂျင်းဖြစ်သူ ရိုင်အိုလာနှင့် ဂျူဗင်တပ်အသင်းတာဝန်ရှိသူများမှာ လာမည့် ရက်ပိုင်းအတွင်း တွေ့ ဆုံဆွေးနွေးရန် စီစဉ်နေပြီး လစာအနေနှင့် တစ်နှစ် ယူရို ၆သန်းမှ ၇သန်း ကြားရှိ မည်ဟု ဆိုသည်။

လက်ရှိ ပိုဂဘာ၏ လစာမှာ တစ်နှစ် ယူရို ၄.၅သန်းဖြစ်ပြီး စာချုပ်မှာ ၂၀၁၉ အထိ ဖြစ်သည်။

ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ပါဝင်ခဲ့သော ပိုဂဘာမှာ ယခုအခါ အားလပ်ရက် ခရီးထွက်နေဆဲ ဖြစ်သည်။

U Myo Thant

<< Back Serie-A News


Advertisement
Here