ကလီဗာလေကို အဲဗာတန်ခေါ်မည်

Aug 05 , 2014

အဲဗာတန်နည်းပြ မာတီနက်ဇ်သည် မန်ယူမှ ကလီဗာလေကို ခေါ်ယူရန် ကြိုးစားနေကြောင်းသိရသည်။

ကလီဗာလေမှာ ရိုးမားနှင့် ကစားခဲ့သည့်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခွင့်ရခဲ့သူဖြစ်ပြီး သူ၏ပြောင်းရွေှ့ကြေး မှာ ပေါင် ၈ သန်း ၀န်းကျင်ဟု ဆိုသည်။

လာမည့်သြဂုတ်လ ၁၂ ရက်နေ့တွင် အသက် ၂၅ နှစ်ပြည့်မည့် ကလီဗာလေမှာ မန်ယူတွင်လွန်ခဲ့သော ၃ နှစ်ခန့်က စတင်ကစား ခဲ့ရသူ ဖြစ်သည်။

မာတီနက်စ်မှာ ၀ီဂန်ကို ကိုင်တွယ်နေသည့် ၂၀၁၀-၁၁ မှာပင် ထိုစဉ်က ၀ီဂန်ကစားသမား ကလီဗာလေကို သဘောကျခဲ့ခြင်းဖြစ်ပြီး ထိုရာသီက ကလီဗာလေမှာ ၂၅ ပွဲ ကစားခွင့်ရခဲ့သည်။

မန်ယူနည်းပြ ဗန်ဂေါလ်မှာ ရာသီကြို ခရီးစဉ်အပြီး အင်္ဂလန်သို့ ပြန်အရောက်တွင် မန်ယူ၏ ၂၂ ဦး လူစာရင်းဖြစ်မည်ဖြစ်ရာ မည်သည့်ကစားသမားများ ရောင်းထုတ်ခံရမည်ဆိုသည့်အပေါ် အများက စိတ်ဝင်စားလျက် ရှိနေသည်။

U Myo Thant




<< Back


Advertisement
Here