Serie-A News

မီလန်တွင် ဆက်ရှိနေမည့် နီအန်း

Jul 18 , 2016

၂၁နှစ်သား တိုက်စစ်မှုး နီအန်းကို လက်စတာအပါအ၀င် ပရီးမီးယားကလပ်အချို့က ခေါ်ယူလိုသော်လည်း မီလန်တွင်သာ ဆက် ရှိနေမည်ဟု ထိုတိုက်စစ်မှုးက ပြောဆိုလိုက်သည်။

နီအန်းကို ပရီးမီးယားချန်ပီယံ လက်စတာ၊ အဲဗာတန်နှင့် ၀က်စ်ဟမ်းတို့က ကမ်းလှမ်းခဲ့ကြသော်လည်း လက်ရှိအသင်းတွင်သာ ဆက်ရှိနေမည်ဖြစ်ကြောင်း၊ မိမိအနေနှင့် မည်သည့်အသင်းနှင့်မျှ ဆက်သွယ် ခဲ့ခြင်းမရှိကြောင်း၊ မီလန်တွင် ပျော်နေသကဲ့သို့၊ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း၊ မီလန်၏ အရေးပါသော ကစားသမားတစ်ဦးဖြစ်ရန် ကြိုးပမ်းသွားဦးမည်ဖြစ်ကြောင်း၊ နည်းပြနှင့် ပထမနေ့တွင် စကားများစွာ ပြောဆိုဖြစ်ခဲ့ပြီး၊ အသင်းကောင်းကျိုးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း စသဖြင့် ပြောဆိုသွားခဲ့ သည်။

နီအန်းမှာ စနေနေ့က ဘော်ဒိုးကို ၂း၁ဖြင့် နိုင်သောပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

 

U Myo Thant

<< Back Serie-A News


Advertisement
Here