အာဆင်နယ်ကို အူစမာနော့ ယုံကြည်

Aug 05 , 2014

အာဆင်နယ်ရှယ်ယာများကို ဒုတိယအများဆုံး ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်သည့် အူစမာနော့က လာမည့်ရာသီတွင် အာဆင်နယ်မှာ ပိုမိုအောင်မြင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းမှာ ဖလားလက်မဲ့ရာသီအဖြစ် ၉ နှစ်ကြာရှည်ခဲ့ပြီးနောက် ၂၀၁၃-၁၄ FA ဖလားကို ရယူနိုင်ခဲ့သော အသင်းဖြစ် သည်။

သို့သော် ယင်း FA ဖိုင်နယ်တွင် ဟော်လ်စီးတီးကို အချိန်ပိုအထိ ကစားခဲ့ရပြီးမှ ၃း၂ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

၂၀၁၄ နောက်ပိုင်းတွင် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရန် လွန်ခဲ့သောရာသီက နီးစပ်ခဲ့သော်လည်း နောက်ပိုင်းတွင်ရလဒ်များ ဆိုးရွား ခဲ့၍ အဆင့် ၄ သာ ရရှိခဲ့သည်။

အာဆင်နယ်ရှယ်ယာ ၃၀% ကျော် ပိုင်ဆိုင်ထားသော အူစမာနော့က အိုဇေးလ်နှင့် အသစ်ရောက်လာသော ဆန်းချက်ဇ် တို့ကြောင့် အာဆင်နယ်မှာ လွန်ခဲ့သောရာသီမှာကထက် ပိုကောင်းလာမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

အာဆင်နယ်မှာ ပရီးမီယားရာသီအဖွင့်တွင် ခရစ္စတယ်ပဲလေ့်နှင့် စတင်တွေ့ဆုံရမည်ဖြစ်သည်။

U Myo Thant




<< Back


Advertisement
Here