La-liga News

ဂိုမက်စ်ကို ဘာကာခေါ်ယူ

Jul 22 , 2016

ဘာစီလိုနာအသင်းသည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သော ပေါ်တူဂီသား ဂိုမက်စ်ကို ခေါ်ယူလိုက်ပြီဖြစ်သည်။

၂၂နှစ်သား ဂိုမက်စ်မှာ ၂၀၁၄ ဇူလိုင်လတွင် ဘင်ဖီကာမှ ဗလင်စီယာသို့ ရောက်ရှိလာသူဖြစ်ပြီး ယခု ဘာစီလိုနာက ၅နှစ် စာချုပ်ဖြင့် ဗလင်စီယာထံမှ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ကွင်းလယ်ကစားသမား ဂိုမက်စ်၏ ပြောင်းရွှေ့ကြေးမှာ ယူရို သန်း၄၀ ဟုသိရပြီး သူသည် လွန်ခဲ့သော ရာသီက ဗလင်စီယာအတွက် ပွဲ၃၀ ကစား ၃ဂိုး သွင်းပေးထားနိုင်ခဲ့သည်။

ပေါ်တူဂီအသင်းအတွက် ၁၃ပွဲကစားခဲ့ပြီးဖြစ်သည့် ဂိုမက်စ်ကို ပြိုင်ဘက် ရီးရဲလ်က စိတ်ဝင်စားနေသော်လည်း ဘာစီလိုနာက လက်ဦးမှု ရယူကာ ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

နည်းပြ အင်းနရစ်ခ်ျမှာ ယခုအပြောင်းအရွှေ့ကာလတွင် ဂိုမက်စ်ကို  စတုတ္ထမြောက် ကစားသမားအဖြစ် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်လျက်ရှိနေသည်။

 

U Myo Thant




<< Back La-liga News


Advertisement
Here