La-liga News

မာရီယိုကို ချဲလ်ဆီးခေါ်မည်

Jul 26 , 2016

ချဲလ်ဆီးအသင်းသည် ပေါ်တူဂီလက်ရွေးစင် ဂျိုအာရို မာရီယိုကို ပေါင် ၄၆သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း သိရသည်။

၂၃နှစ်သား မာရီယိုမှာ ပေါ်တူဂီအသင်းနှင့်အတူ ယူရို ၂၀၁၆ တွင် နာမည်ရခဲ့သူတစ်ဦးဖြစ်ပြီး မန်ယူရဲ့ စိတ်ဝင်စားခြင်းကိုလည်း ခံခဲ့ရသူဖြစ်သည်။

လက်ရှိ စပို့တင်း လစ္စဘွန်းတွင် ကစားနေသော ကွင်းလယ်ကစားသမား မာရီယိုကို ချဲလ်ဆီးက စိတ်ဝင်စားခဲ့သည်မှာ ကြာခဲ့ ပြီဖြစ်ပြီး နည်းပြ ကွန်တီက အသင်းတွင် လူဖြည့်ရန် လိုသေးသည်ဟု ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ခြေလှမ်းတိုးလာ ခဲ့ခြင်း ဖြစ်သည်။

မန်ယူကလည်း ပိုဂဘာကို ရတော့မည်ဟု ထင်မှတ်နေရမှ မရေရာပြန်သဖြင့် မာရီယိုဘက်ကို ဦးလှည့်လာနေကြောင်း သိရသည်။

U Myo Thant




<< Back La-liga News


Advertisement
Here