World CUp 2014 News

ဟောင်းဝဒ်ဝက်ဘ် နားပြီ

Aug 07 , 2014

ကွင်းလယ်ဒိုင်လူကြီးအဖြစ် ကာလကြာရှည်တာဝန်ယူခဲ့သော ဟောင်းဝဒ်ဝက်ဘ်သည် ယင်းတာဝန်များမှ အနားယူလိုက်ပြီဖြစ် သည်။

သူသည်ဒိုင်လူကြီးသက်တမ်း ၂၅ နှစ်ရှိခဲ့ပြီဖြစ်ပြီး ယခုအခါ ဒိုင်လူကြီးများအဖွဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ခံခဲ့ရ၍ ယခုကဲ့သို့ အနားယူခြင်းဖြစ်သည်။

ဝက်ဘ်သည် ပရီးမီးယားလိဂ်နှင့် အခြားလိဂ်ပွဲစဉ်ပေါင်း ၅၀၀ ခန့်ကို ကြီးကြပ်ခဲ့သူဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလားဖိုင်နယ်တွင်လည်း ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူထမ်းဆောင်ခဲ့သူဖြစ်သည်။

အသက် ၃၄ နှစ်ရှိပြီဖြစ်သော ၀က်ဘ်မှာ ၁၉၈၉ မှစ၍ ဒိုင်တစ်ဦးဖြစ်လာခဲ့ပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်းမှစ၍ နာမည်ကြီး ဒိုင်တစ်ဦးဖြစ်လာခဲ့ကာ နိုင်ငံတကာပြိုင်ပွဲကြီး ၉ ခုတွင်လည်း တာဝန်ယူခွင့်ရခဲ့သည်။

၂၀၁၁ တွင် ဗြိတိန်ဘုရင်မကြီးထံမှ OBE ဘွဲ့လက်ခံရရှိခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပွဲများအနက် အုပ်စု C မှ ကိုလံဘီယာနှင့် အိုင်ဗရီကို့စ်ပွဲ၊ ရှုံးထွက်အဆင့်မှ ဘရာဇီးနှင့် ချီလီပွဲစဉ်များကိုလည်း တာဝန်ယူခဲ့သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here