Bundesliga News

လူသစ်မလိုတဲ့ ဘိုင်ယန်

Jul 27 , 2016

ဘိုင်ယန်နည်းပြ အန်ဆလော့တီက သူ့အနေနှင့် ကစားသမားသစ် ထပ်ခေါ်ရန် လိုတော့မည်မဟုတ်ဟု ပြောဆိုလိုက်သည်။

ဥရောပထိပ်တန်းကလပ်များမှ နည်းပြများမှာ ၎င်းတို့အသင်းအတွက် သင့်တော်မည့် ကစားသမားများကို ခေါ်ယူနိုင်ရန် ကြိုးစားနေ ချိန်တွင် အီတလီသား အန်ဆလော့တီက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဂေါ့ဇီနှင့် ရိုဒီတို့မှာ ယခုနွေတွင် ဘိုင်ယန်မှ ထွက်ခွာသွားကြသော်လည်း အန်ဆလော့တီကမူ သူ့အသင်းသည် ၅နှစ်ဆက်တိုက် ဘွန်ဒစ်လီဂါဖလားရရေးနှင့် ၂၀၁၂-၁၃ နောက်ပိုင်း ချန်ပီယံလိဂ်ဖလား ပြန် ရရေးတို့အတွက် ယခုလူစာရင်းနှင့်ပင် လုံလောက် ပြီဖြစ်ကြောင်း၊ မည်သည့်ကစားသမားကိုမျှ ထပ်ဝယ်ရန် မလိုတော့ကြောင်း ပြောဆိုခဲ့သည်။

ဘိုင်ယန်အသင်းမှာ လောလောဆယ်တွင် ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်အဖြစ် အမေရိကသို့ ရောက်ရှိနေပြီး ICC ဖလားပွဲအဖြစ် မနက်ဖြန်တွင် မီလန်၊ ၃၁ရက်နေ့တွင် အင်တာ၊ ၄ရက်နေ့တွင် ရီးရဲလ်တို့နှင့် ကစားရမည်ဖြစ်ပြီး၊ ၁၅ရက်နေ့တွင် ဂျာမန်စူပါဖလား ပွဲအဖြစ် ဒေါ့မွန်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

 

U Myo Thant




<< Back Bundesliga News


Advertisement
Here