Serie-A News

ဂျူဗီရောက် ဟီဂူအင်

Jul 27 , 2016

နာပိုလီမှ အာဂျင်တီးနားတိုက်စစ်မှုး ဟီဂူအင်မှာ ပြောင်းရွှေ့ကြေး ပေါင် ၇၅.၃သန်းဖြင့် စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်သို့ ရောက်ရှိ သွားပြီဖြစ်သည်။

၂၈နှစ်သား ဟီဂူအင်မှာ ၅နှစ်စာချုပ်ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး တတိယမြောက် ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံးအဖြစ် စံချိန်တင် ခဲ့သကဲ့သို့ ပြည်တွင်းကလပ်အချင်းချင်း ပြောင်းရွှေ့မှုတွင် ပြောင်းရွှေ့ ကြေးအများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

ယခင်က အမြင့်ဆုံး စံချန်တင်ပြောင်းရွှေ့ကြေးမှာ ဘေးလ်(ပေါင် ၈၅သန်း)နှင့် စီရိုနယ်ဒို(ပေါင်သန်း ၈၀)တို့ ဖြစ်သည်။

ပြည်တွင်းပြောင်းရွှေ့ကြေးတွင် ယခင်အမြင့်ဆုံး စံချိန်မှာ တောရက်စ်၏ လီဗာပူးမှ  ချဲလ်ဆီးသို့ ပေါင်သန်း ၅၀ဖြင့် ပြောင်းရွှေ့ခဲ့ မှု ဖြစ်သည်။

အာဂျင်တီးနားရှိ ရေးဗားပလိတ်တွင် ကစားသမားဘ၀ စတင်ခဲ့သော ဟီဂူအင်မှာ ရီးရဲလ်မှ နာပိုလီသို့ ၂၀၁၃ တွင် ပြောင်းရွှေ့ကြေး ပေါင် ၃၄.၅သန်းဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး လွန်ခဲ့သော ရာသီတွင် စီးရီးအေ စံချိန်တင်အဖြစ် ၃၆ဂိုး သွင်းပေးနိုင်ခဲ့သူ ဖြစ်သည်။ 

U Myo Thant




<< Back Serie-A News


Advertisement
Here