La-liga News

ဆစ်ဆိုကိုဘက်လှည့်သော ရီးရဲလ်

Jul 28 , 2016

ပိုဂဘာကို ခေါ်ယူရန် မဖြစ်နိုင်တော့သော ရီးရဲလ်မှာ ယခုအခါ အခြားပြင်သစ်သားတစ်ဦးဖြစ်သော ဆစ်ဆိုကို ကို ပေါင်သန်း ၃၀ဖြင့်ကမ်းလှမ်းထားပြီဖြစ်သည်။

ယူရို ၂၀၁၆ တွင် ပြင်သစ်အသင်းနှင့် အတူ ခြေစွမ်းကောင်းပြနိုင်ခဲ့သော နယူးကာဆယ် ကွင်းလယ်ကစားသမား ဆစ်ဆိုကို ကို ကမ်းလှမ်းလိုက်ခြင်းဖြစ်ပြီး ၂၆နှစ်သား ဆစ်ဆိုကိုအနေနှင့် စပိန်သို့ ရောက် ရှိလာမည်ဟု မျှော်လင့်ရသည်။

ရီးရဲလ်အသင်းမှာ ဂျူဗင်တပ်မှ ပြင်သစ် ကွင်းလယ်ကစားသမား ပိုဂဘာကို ခေါ်ယူလိုခဲ့သေးသော်လည်း  မန်ယူ ကပေးသော ပြောင်းရွှေ့ကြေးမျိုးပေးရန် အခက်အခဲရှိခဲ့ပြီး ပိုဂဘာကလည်း အသင်း ဟောင်း မန်ယူဘက်သို့ ပိုမိုဦး စားပေးခြင်းကြောင့် လက်လျှော့ကာ ဆစ်ဆိုကိုဘက်သို့ ဦးလှည့်လိုက်ခြင်းဖြစ်သည်။

ဆစ်ဆိုကို ကို ဒေါ့မွန်၊ ဂျူဗင်တပ်တို့နှင့် အတူ ၀က်စ်ဘရွန်း၊ အဲဗာတန်တို့ကလည်း စိတ်ဝင်စားလျက်ရှိနေသည်။

U Myo Thant




<< Back La-liga News


Advertisement
Here