Serie-A News

ငွေနောက်လိုက်သူများဟု တော့တီဝေဖန်

Jul 28 , 2016

အချို့ကစားသမားများမှာ မိမိနှလုံးသားထက် ငွေရလျှင်ပြီးရောဆိုသည့် ပုံစံမျိုးဖြင့် ဘ၀ကိုဖြတ်သန်းနေရကြောင်း ရိုးမား တိုက်စစ်မှုးကြီး တော့တီက ဝေဖန်ပြောဆိုလိုက်သည်။

တော့တီက ငွေ၏ဖမ်းစားခြင်းကို ခံစားနေရသော ဘောလုံးသမားများမှာ ဂျစ်ပစီများကဲ့သို့ ရောက်တက်ရာရာ ဒေသများ၌ လှည့် လည်ကျက်စားနေကြသည့်  ကိုယ်ပိုင်ခံစားချက် မရှိသူများဟု ဆိုသည်။

တော့တီကစားနေသော စီးရီးအေတွင် နာပိုလီမှာ ဟီဂူအင်မှာ ဂျူဗင်တပ်သို့ စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၇၆ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး ထိုကဲ့သို့သော ငွေကြေးများစွာ ပေးနေရသည့် အပြောင်းအရွှေ့ များကို နားမလည်ကြောင်း၊ ကစား သမားတစ်ဦးအနေနှင့် မိမိကစားလိုသော ကလပ်မျိုးတွင် မိမိ၏နှလုံးသားကို မြှုပ်နှံ၍ ကစားခြင်းမျိုးထက် ပြောင်းရွှေ့ကြေး များစွာဖြင့် ကလပ်တစ်ခုမှ တစ်ခုသို့ ခံစားချက် မဲ့စွာ ပြောင်းရွှေ့နေကြကြောင်း၊ မိမိအနေနှင့်မူ မိမိ ကစားလိုသော ကလပ်တွင် ဆက်လက်နေထိုင်သွားရင်း မိမိနှလုံးသားကို ကျေနပ်စေရကြောင်း၊ သင့်တော်သော ငွေကြေးနှင့် အတူ မိမိချစ်သည့်ကလပ်နှင့် လက်တွဲကစားရခြင်းမှာ အမှန် တကယ် ကျေနပ်စရာပင်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

၃၉နှစ်သား တော့တီမှာ ရိုးမားတွင် ၂၅ရာသီဆက်တိုက် ကစားနေခဲ့သူဖြစ်သည်။

U Myo Thant

<< Back Serie-A News


Advertisement
Here