ဗာမေလန်ကို ၁၅ သန်းပေးမည်

Aug 07 , 2014

မန်ယူအသင်းက အာဆင်နယ်နောက်ခံလူ ဗာမေလန်ကို ပေါင် ၁၅ သန်းဖြင့် ကမ်းလှမ်းလိုက်သည်။

ယင်းနောက်ခံလူကို ဘာစီလိုနာအသင်းကလည်း ခေါ်ယူလိုနေကြောင်း သတင်းထွက်နေခြင်းကြောင့် မန်ယူက လက်ဦးမှုရယူကာ ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဘူးသူ ဘယ်လ်ဂျီယံသား ဗာမေလန်မှာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိချိန် တွင် သက်တမ်းတိုးရန် ငြင်းဆန်ထားသူဖြစ်သည်။

မန်ယူနည်းပြ ဗန်ဂေါလ်က ဗာမေလန်နှင့်အတူ အေဂျက်မှ အစွန်နောက်ခံလူတစ်ဦးဖြစ်သော ဒါလေဘလန်းကိုလည်း ပရီးမီးယား လိဂ်ပွဲစဉ်များ မစမီခေါ်ယူလို နေသည်ဟု ဆိုသည်။

အာဆင်နယ်ကမူ ဗာမေလန်ကို ပြိုင်ဘက်ပရီးမီးယားအသင်းများအား ရောင်းချလိုခြင်းမရှိပဲ လာလီဂါကလပ်ဖြစ်သည့် ဘာစီလိုနာမှ ကမ်းလှမ်းလာမှုကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

U Myo Thant




<< Back


Advertisement
Here