Serie-A News

တရုတ်ပြည်ရောက် ဗီအာရီ

Jul 30 , 2016

အီတလီသားကြီး ဗီအာရီမှာ ကစားသမားဘ၀မှ အနားယူပြီဖြစ်သော်လည်း မိမိ၏ ဘောလုံးအပေါ် ချစ်မြတ်နိုးမှုကို ပြသလို၍ဟု ဆိုကာ တရုတ်စူပါလိဂ်တွင်ကစားဦးမည်ဟု ဆိုသည်။

သူသည် အသက် ၄၃နှစ်အရွယ်တွင် ကစားသမားဘ၀မှနားတော့မည်ဟု ဆိုခဲ့သူဖြစ်ပြီး နာမည်ကြီး ကစားသမားများကို ခေါ် ယူလေ့ရှိသော တရုတ်စူပါလိဂ်၏ ကမ်းလှမ်းချက်ကိုမူလက်ခံကာ ကစားသွားဦး မည်ဖြစ်သည်။

တိုက်စစ်မှုးဟောင်းကြီး ဗီအာရီမှာ ဂျူဗင်တပ်၊ အက်သလက်တီကို၊ လာဇီယို၊ အင်တာ၊ မီလန်၊ မိုနာကိုနှင့် ဖီအိုရင်တီးနားတို့တွင် ကစားခဲ့သူဖြစ်ပြီး လွန်ခဲ့သော ၆နှစ်က ကစားသမားဘ၀မှ အနားယူခဲ့သူ ဖြစ်သည်။

သူသည် ၁၉၉၇တွင် အီတလီလက်ရွေးစင်အဖြစ် စတင်ပါဝင်ခွင့်ရခဲ့ပြီး ၄၉ပွဲတွင် ၂၃ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

သူသည် ၁၉၉၉တွင် လာဇီယိုမှ အင်တာသို့ ပြောင်းရွှေ့ချိန်က ပြောင်းရွှေ့ကြေး ပေါင် ၃၂သန်းဖြင့် ကမ္ဘာ့ဈေးအကြီးဆုံး ကစား သမားအဖြစ် စံချိန်တင်ခဲ့ပြီး ဂျူဗင်တပ်နှင့်အတူ ၁၉၉၆-၉၇ စီးရီးအေဖလား ကို ရရှိခဲ့ဘူးသူ ဖြစ်သည်။

 

U Myo Thant




<< Back Serie-A News


Advertisement
Here