La-liga News

မက်ဆီကို ချီးကျူးတဲ့ ပုပ်ရဟန်းမင်းကြီး

Aug 01 , 2016

ပုပ်ရဟန်းမင်းကြီးက ဘာစီလိုနာမှ အာဂျင်တီးနားသား မက်ဆီက ပီပီ၊ မာရာဒိုနာတို့ထက် ပိုတော် ပိုကောင်းသူဖြစ်ကြောင်း ချီးကျူး လိုက်သည်။

ဘာစီလိုနာနှင့် အာဂျင်တီးနားတို့အတွက် ဂိုးအများဆုံး သွင်းပေးထားသူဖြစ်ပြီး၊ ကမ္ဘာ့အကောင်းဆုံးဆုကို ၅ကြိမ်ရခဲ့သည် မက်ဆီ မှာ ပြီးခဲ့သည့် ၂၀၁၆ ကိုပါအမေရိက ဖိုင်နယ်တွင်  ချီလီကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးခဲ့ပြီးနောက် အာဂျင်တီးနား လက်ရွေးစင်အဖြစ်မှ အနားယူသွားသူ ဖြစ်သည်။

ကမ္ဘာ့လူငယ်များနေ့တွင် ပုပ်ရဟန်းမင်းကြီးက လူငယ်များအကြောင်းပြောဆိုရင်း မက်ဆီအပေါ် သူရဲ့အမြင်ကို ပြောဆိုသွား ခဲ့ခြင်းဖြစ်ပြီး၊ မက်ဆီနှင့် ခေတ်ပြိုင် စီရိုနယ်ဒိုအကြောင်းကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။

၂၉နှစ်သား မက်ဆီမှာ ရာသီကြို ICC ဖလားပွဲအဖြစ် ဆဲလ်တစ်ကို ၃း၁ဖြင့် နိုင်သောပွဲတွင် ဘာစီလိုနာနှင့်အတူ ပါဝင်ကစားခဲ့ သည်။

U Myo Thant




<< Back La-liga News


Advertisement
Here