မန်ယူကထွက်တဲ့ ဖီးလ်နဗီးလ်

Aug 07 , 2014

မန်ယူနည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သော ဖီးလ်နဗီးလ်မှာ ဘောလုံးပွဲသတင်း ဝေဖန်တင်ဆက်သည့် Match of the Day အစီအစဉ် သို့ ပြောင်းရွေှ့တာဝန်ထမ်းဆောင်တော့မည် ဖြစ်သည်။

ထိုအစီအစဉ်တွင် သူသည် ကစားသမားဟောင်းများဖြစ်ကြသော ရှီးယားရား၊ ရူးလစ်၊ ဖာဒီနန်တို့နှင့်အတူ တင်ဆက်ကြမည်ဖြစ် သည်။

ထို MOTD အစီအစဉ်၏ နှစ် ၅၀ ပြည့် အခမ်းအနားတစ်ခုတွင် နဗီးလ်က သူ့အနေနှင့် မန်ယူနည်းပြအဖွဲ့ဝင်ဘ၀တွင် ဆက်ရှိတော့ မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

သူသည် မန်ယူနည်းပြဟောင်း မိုရက်စ်နှင့်အတူ အဲဗာတန်တွင်လည်း ကစားသမားဘ၀မှ နည်ပြအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သေး သူ ဖြစ်သည်။

ရိုင်ယန်ဂစ်၊ နစ်ကီဘတ် တို့နှင့်အတူ နည်းပြအဖွဲ့ဝင်အဖြစ် ဆက်ရှိနေမည်ဟု အချို့ကထင်မြင်ခဲ့ကြသော်လည်း ၃၇ နှစ်သား နဗီးလ်က ယခုအစီအစဉ်နှင့် ချိတ်ဆက်ကာ ပြောင်းရွေှ့ခဲ့ခြင်းဖြစ်သည်။

U Myo Thant




<< Back


Advertisement
Here