Champions League

မေဂျာလိဂ်ရောက်သော တေလာ

Aug 02 , 2016

နယူးကာဆယ်တွင် ၂၁နှစ်ကြာခဲ့သော နောက်ခံလူ တေလာမှာ အမေရိကန် မေဂျာလိဂ်ကလပ် ပို့လန်းသို့ ပြောင်းရွေ့သွားပြီဖြစ် သည်။

အသက် ၉နှစ်သား ကတည်းကပင် နယူးကာဆယ်လူငယ်အကယ်ဒမီသို့ တက်ရောက်ခဲ့ကာ သက်တမ်းအလိုက် အသင်းအဆင့်ဆင့် တွင် ကစားခဲ့သည့် တေလာမှာ ယခုနွေတွင် အသင်းနှင့် စာချုပ်စေ့သွားပြီနောက်  မေဂျာလိဂ်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

နယူးကာဆယ်အသင်းမှာ လွန်ခဲ့သော ရာသီတွင် ရလဒ်များဆိုးခဲ့သဖြင့် ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရသည့်အသင်းဖြစ် ပြီး တေလာမှာ နယူးကာဆယ်အသင်းကြီးတွင် စုစုပေါင်း ၂၆၈ပွဲ ကစားခဲ့ပြီသူ ဖြစ်သည်။

ပို့လန်းအသင်း နည်းပြ ပေါ်တာက အသင်းသို့ တေလာရောက်ရှိလာခြင်းကြောင့် သူ၏အတွေ့အကြုံများက အသင်း အတွက် ကောင်းကျိုးဖြစ်လာစေမည်ဟု ယုံကြည်ကြောင်း ပြောဆိုသွားခဲ့သည်။

ပို့လန်းအသင်းမှာ မေဂျာလိဂ် အနောက်ပိုင်းကွန်ဖရင့်တွင် အဆင့် ၇၌ရှိနေသော အသင်းဖြစ်သည်။

U Myo Thant

<< Back Champions League


Advertisement
Here